Home ဆောင်းပါး ကမ်းတဲ့ လက်တွေ ကယ်တင်လိုက်ပါ…
ကမ်းတဲ့ လက်တွေ ကယ်တင်လိုက်ပါ…
နှောင်းလှိုင်/ ဇွန် ၂၅၊ ၂၀၀၉

မြစ်ချောင်းရေများ စီးဆင်းသလို တသွင်သွင် စီးကျလာတဲ့ မျက်ရည်များက ချောမွေ့ လှတဲ့ သူမ ပါးပြင်နဲ့ မလိုက်အောင် နာကျင် ခါးသီးမှုများနဲ့အတူ အတားအဆီး ကင်းမဲ့စွာ တရှိန်ထိုး ဖိုဖြိုဖြိက်ဖိက် သွန်ချလာတဲ့ မျက်ရည်စက်များကို ဘယ်ဖက်လက်နဲ့ငြင်သာစွာ သုပ်ဖယ်လိုက်ပါတယ်။

တချိန်တည်းမှာပဲ ငိုသံနဲ့အတူ ကွဲအက်နေသော အသံနဲစကားလုံးတွေက ထွက်ကျလာပါတယ် တခါတလေကျတော့ ပြန်စဉ်းစားလည်း မကောင်းဘူး စိတ်အခက်အခဲဖြစ်တယ် ပြောရင်လည်း မကောင်းဘူး

အဲဒီလိုပြောပီးငိုနေတဲ့ သူက အသက် ၄၀ အရွယ်ရှိတဲ့ ခလေး ၂ ယောက်အမေ ပိုလေးနာပဲ ဖြစ်ပါတယ်။

ဒုက္ခသည် လူသစ်တွေ နေထိုင်ဖိုဝါးနဲဆောက်လုပ်ထားပေးတဲ့ ဘားတိုက် တန်းလျားအရှည်ကီးမှာ သူမက အခန်းကျဉ်းလေး တခုရဲ့ရှေလှေခါးထစ်မှာ ထိုင်ပီး ဦးတည်ရာမဲ့နေသော မျက်ဝန်းတစုံက အဝေးတနေရာကို ငေးမျှော်နေရင်း အတွေးဝင်္ကပါထဲက နစ်မျှောနေတဲ့ သူမရဲ အာရုံကို ဖမ်းဆုပိုင်ဖိုခက်ခဲသလို ဘာတွေ စဉ်းစားနေတယ်ဆိုတာ သူမကိုယ်တိုင်တောင်မှ သိမယ် မထင်ဘူး။

ပြန်စဉ်းစားမိတာ တကယ်ဝမ်းလည်း ဝမ်းနည်းတယ် တွေးရင် ခေါင်းကိုက်တယ် ဒါပေမဲ့  စိတ်ချမ်းသာိုင်အောင် ကျမကိးစားနေမယ် မေ့ပစ်ချင်တယ်လို့ ကာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေကို သူမ ရင်နာနာနဲ့ ပြန်လည်ပြောပြပါတယ်။

သူပုန်နဲ့ ဆက်သွယ်တယ်လိုအစွပ်စွဲခံရတဲ့ ပိုလေးနာက မြန်မာစစ်အစိုးရ တပ်မ ၅၄၄ ဗိုလ်မှ တယောက်ရဲ ခိမ်းခြောက်မှုကို ခံရတဲ့အတွက်ကောင့် ကရင်နီပြည်အမှတ် (၁) ခရိုင်အတွင်းမှ ရှိတဲ့ ဟိုမန်း ရွာကို စွန့်ပြီး အမှတ် (၂) ကရင်နီဒုက္ခသည် စခန်းကို ယခုလ ၂ ရက်နေ့မှာ ထွက်ပြေးလာခဲ့ပါတယ်။

သူကျမကို သေနတ်တိုနဲ့ပေါ့နော် သေနတ်တိုနဲ့ ကျမကို ပစ်သတ်မှာပေါ့ဒီကရင်နီ ဗိုလ်မှးဘယ်သူလဲ မင်းဖော်ရမယ် သူတို့ဘယ်လမ်း ခရီးနဲ့ သွားလာလဲ ငါ့ဖော်ရမယ်လို့တုန်ယင်နေတဲ့ အသံတွေနဲ့ သူမ ပြောပြပါတယ်။

အဲဒီ ဗိုလ်မှးက သူမအိမ်ကို လာပီး ဒီလိုမျိခိမ်းခြောက် တာ ၃ခါ ရှိပါပီ။ မိန်းမသား တယောက်အနေနဲခိုံင်ရည် ဘယ်လိုရှိုင်ပါ့မလဲ။ သူမက ဘယ်သူနဲ့မှ အဆက်အသွယ် မရှိပါဘူး၊ အိမ်ကို ရောက်လာတဲ့ ဧည့်သည်တွေကလည်း တခါတလေမှ လာတတ်တဲ့ ကလလတ (ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး) အဖွဲ့တွေနဲအင်ဥ၊ ဖွတ်၊ လိပ် ရှာထွက်ကတဲ့ နားမန်းဘက် က ရွာသူရွာသားတွေပဲ ဖြစ်တယ်လိုပြောပါတယ်။

နင်မသိဘူးဆို မဖြစိုင်ဘူးတဲ့ နောက်ရက်ကျရင် မနက်ဖြန်နောက်တရက်ပဲကျန်မယ် မေးတဲ့ချိန်မှာ မင်းဖြေရမယ်တဲ့ မဖြေလိုမရဘူးတဲ့ မဖြေရင်ကျနော်နဲ့နင်နဲ့ တွေမယ်တဲ့ကျမလည်း စဉ်းစားပီး ဒီမှာနေရင် သေမှာပဲဆိုမှ ကလေးကိုခေါ်ပြီး ထွက်လာလိုက်တယ် လို့ပြောပါတယ်။

ကရင်နီပြည်အမှတ်(၂)ခရိုင်၊ ကဝေထာရွာမှာ နေတဲ့ အသက်(၃၅)အရွယ်ရှိ စောလွဲမူးဒိုကလည်း စစ်အစိုးရက စစ်သားတွေ ရွာထဲဝင်လာလိုပြေးလွှားနေရတယ်လို့ ယခုလိုပြောပြပါတယ်။

သူတို့တွေလာပီး သူတို့နောက်လိုက်ဖိုပေတာ ခေလိုက် နောက်နင့်ကို အမျိးမျိးကောက်အောင်လုပ်တယ် တခါတလေနေရတယ် တခါတလေ ထွက်ပြေးရတယ် အဲလိုတွေလုပ်တယ်” အရင်တုန်းကလမ်းမှာ တွေ့တိုင်း သတ်ပေမဲ့ အခုဆိုပေတာ ခေါ်ပြီးတော့ အှောက်အယှက်ပေးတာ တော်တော် ဆိုးတဲ့အတွက် ရွာကနေ ထွက်ခွာလာရတာ ဖြစ်တယ်လိုစောလွဲမူးဒိုက ပြောပါတယ်။

အမှတ်(၂)ခရိုင်၊ ကော်ရီခီးကနေ အသက်(၃၀)အရွယ်ရှိ နော်ရီဘက်ခါ ကလည်းသူမရဲ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

စစ်သားတွေတက်တယ် အဲလိုမျိးပြေးလွားရတယ်ပေါ့ အဲဒါသူတို့တက်မယ်ဆို လူကီးတွေတွေ့တယ် အဲမျိးလာပြောပြခါကျ တော့  သွားပုန်းနေရတယ်

ဒုက္ခကားက ဒုက္ခရောက်နေတဲ့ရွာသူရွာသားတွေကို မစာနာပဲ ကိုယ်လိုရာ ဆွဲသွင်းတတ်တဲ့ စစ်အစိုးရ ဟာစစ်အစိုးရဆိုတဲ့ စကားလုံး နာမ ကိုကားမိလိုက်တာနဲရွာသူရွာသားများ အားလုံးလိုလိုက သရဲတစ္ဆေကို ရုတ်တရက် တွေ့လိုက်ရသလို ထိတ်လန့်သွားပီး  သွေးမရှိတော့တဲ့ မျက်နှာမျိးနဲ့  ခါးသီးနာကျင်မုန်းတီးနေတဲ့ သူတို့လေးတွေရဲ စိတ်တွေ သွေးသားတွေထဲမှာ ဘယ်တော့မှ ဖျောကိုင်တော့မှာ မဟုတ်ဘူး။

ကရင်နီပြည်တွင်းက စစ်ပြေးဒုက္ခသည်တွေဟာ နေပူမရှောင် မိုးရွာမရှောင် ကိးစားပမ်းစားနဲလယ်ယာမြေယာတွေကို ရိုးသားစွာ လုပ်ကိုင် စားသောက်နေကြရပါတယ်။ တရက်စာတရက်စာ ပင်ပင်ပန်းပန်းနဲ့ရှာဖွေစုဆောင်းရတဲ့အစားအစာတွေကို စစ်တပ်တွေကမစာနာဘဲ အတင်းတောင်းယူစားကြတယ်လို့ ပိုလေးနာကပြောပါတယ်။

သေနတ်တကားကားကိုင်ပြီး  လာတောင်းစားရင် ကိုယ်က မပေးလည်း မကောင်းဘူး ကျမပေးလိုက်တယ်” လို့ပိုလေးနာကပြောပါတယ်။

စစ်တပ်တွေက အစားအစာများရတဲ့အခါကြတော့လည်း မင်းတို့ကို ငါကောက်တယ်လိုထင်လား ငါမကောက်ဘူး ကာက်ရင် ဘယ်တော့မှ ရဲဘော်မလုပ်ဘူးလို့ ပြောပီး ရွာသူရွာသား ရှေမှောက်မှာ သေနတ်ဖောက်ဖောက်သွားပီး ခြိမ်းခြောက်မှုတွေလုပ်သွားကြတယ်လို့ပြောပါတယ်။

အဲဒါတွေကောင့် ရွာသူရွာသားတွေက စစ်တပ်နဲ့ဝေးတဲ့ တောတွေထဲမှာ ပုန်းအောင်းနေထိုင်ကြရပါတယ်။ အချို့ဆိုရင် ထိုင်း-မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေးလာကြပါတယ်။

အခုဆို မယ်ဟောင်ဆောင်ခရိုင်က  ဒုက္ခသည်စခန်းအဖြစ် ယာယီ နေထိုင်ရတဲ့  ကရင်နီ ဒုက္ခသည်စခန်းတွေမှာဆိုရင် လူသစ်ဦးရေတွေ တနေ့ထက်တနေတိုးလာပီး အခက်အခဲအမျိးမျိးကောင့် ဝင်လာမဆဲ တသဲသဲပါပဲ။

တချို့က စီးပွားရေး အဆင်မပြေမှုကာင့်၊ တချို့ကတော့ ပညာရေးကောင့်နဲ့ သူတို့လေးတွေရဲ့ ဘဝဖူလုံမှုကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့်က စစ်သားတွေရဲ့ ဖှိပ်မှု စစ်သားတွေရဲခြေဖဝါးအောက်မှာ ရက်စက်မှု မတရား လုပ်ကံမှုတွေ လုံးဝခိုံင်ရည် မရှိတော့တဲ့ အဆုံး ဒီစခန်းကို ရောက်လာကတာ များပါတယ်။ 

အဓိက နအဖရှဲိ့ပ်စက်မှုပေါ့ တချို့မိသားစုတွေက စားဝတ်နေရေးနဲအဲဒီ ကျန်းမာရေးတို့ ပညာရေးတိုအခက်အခဲပေါ့ ဒီဖက်ထွက်လာ ကတယ်လိုစခန်း၂ က စခန်း အုပ်ချပ်ရေးကော်မီတီ အတွင်းရေးမှ လားဒိုထူး ကပြောပါတယ်။

စခန်း၂ မှာ ဆိုရင် ၂၀၀၉ ခှုစ်အတွင်းထဲမှာပဲ လူသစ်တွေက ၂၉၃ ယောက် ရောက်ရှိလာပြီး စခန်း၁ မှာဆို ယခှုစ် မတ်လအထိ ၁၀၄၉ ယောက်ရှိပီး မတ်လ ရက် နောက်ပိုင်းမှာဆိုရင် ၄၀၂ ယောက်ရှိနေတယ်လို့သိရပါတယ်။

စခန်း မှာများသောအားဖြင့် ကရင်နီပြည်ရှားတောတဝိုက်မှ လာကတာဖြစ်ပီး စခန်း မှာ ကတော့ ကရင်နီပြည်အမှတ်(၂) ခရိုင်အတွင်းမှ ဘူးကို၊ ကွားခီး ဂူဂေပေ ဖောဘူးခိုနဲရွာဒဂါးရွာများမှထွက်လာကြတာဖြစ်ပါတယ်။

အခုလည်း DKBA နဲစစ်အစိုးရရဲပူးပေါင်းပီး ကေအဲန်ယူကို စစ်ပွဲဆင်တဲ့ အတွက်ကောင့ှ်စ်ပေါင်းများစွာ အခြေချ နေထိုင်ခဲ့သော ကိုယ့်နယ်မြေ၊ အိုးအိမ်ကို စွန့်ခွာပီး ၄၀၀၀ ကျော်ခန့် တာခ့်ခရိုင်ရှိ ဘုန်းကီးကျောင်းနဲကယ်ဆယ်ရေး စခန်း (၃)ခုမှာ ယာယီခိုလုံနေကရတယ်။

တချို့ကှစ်ရက်သာ ဖွားထားတဲ့ ကလေးလေးကို ချီပိုးပီး နေပူ၊မိုးရွာတွေထဲမှာ လျှောက်လှမ်းနေရတာ အမှန်ဆို မီးတွင်း မှာနေရမဲ့ အချိန်ပါ။ ဗိုက်ကီးသည်တွေ၊ ကလေးတွေ မသန်မစွမ်း၊ ကိုယ့် အဖိုးအဖွားလောက်ရှိတဲ့အရွယ် စသည့်..စသည့် လူက အခုဆို ဒုက္ခတွေ ဘယ်လောက်ခံနေရပီလဲဆိုတာ ပြောတောင် မပြော လိုက်ချင်တော့ပါဘူး။ 

သူတို့လေးတွေကဘဝကို  သုညကနေ ပြန်စကရတော့မယ် ။အဲဒါဟာ စစ်အစိုးရရဲလက်ချက်ကောင့် စစ်အစိုးရက နယ်မြေကနေ မောင်းထုတှ်ုကောင့်လို့ပြောရင် မမှားပါဘူး။

အခက်အခဲ အမျိးမျိးကောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည် လူသစ်တွေအတွက် စခန်းထဲမှာ အပြည့်အဝ အားမခံချက် မပေိးုင်ဘူး လိုကရင်နီဒုက္ခသည်အမှတ်(၁) စခန်းက စခန်းအုပ်ချပ်ရေးကော်မီတီ ဥက္ကဌကပြောပါတယ်။

ကျမတိုက ပံ့ပိုးတဲ့ အပိုင်းမှာပဲ လုပ်ပေိးုင်တယ်၊ သူတိုကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြဖို့က ဒေသအာဏာပိုင်တွေဖက်က လိုတယ်လို့ဥက္ကဌကပြောပါတယ်။

ဒီလိုနဲ့  ဘေးဒုက္ခတွေကို မခံလိုတဲ့ အတွက် ထွက်လာကတဲ့ ရွာသူရွာသားတွေကို ထိုင်းအာဏာပိုင်တွေက လူသားချင်းစာနာတဲ့ အနေနဲယာယီခိုလုံခွင့်ပေးထားခဲ့တာကို ရွာသူရွာသားတွေက ကျေးဇူးတင်မဆုံး ဖြစ်နေကပါတယ်။

ထိုင်းအာဏာပိုင်က နေထိုင်ခွင့်ပေးတဲ့ အတွက် ကျမထိုင်းအာဏာပိုင်ရော ထိုင်းဘုရင်မင်းမြတ်ကီးကိုလည်း အထူးကျေးဇူးတင်ရှိခဲ့ပါတယ်လိုယခုလ ၂၀ရက်နေ့မှာ အမှတ်(၁)ဒုက္ခသည်စခန်းတွင် ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ ဒုက္ခသည်များနေ့မှာ စခန်း ၁ ကော်မတီဥက္ကဌက ပြောကြားသွား ခဲ့ပါတယ်။ 

စခန်း၁ မှာစ်၂၀ လောက် ကာကီး လာရောက် ခိုလုံနေသော ခူဖောက သူမရဲခံစားချက်ကို ယခုလိုထုတ်ဖော်ပြပါတယ်။

အရမ်းကို ဝမ်းနည်းတယ် ကျမတိုရေမြေတွေ အိမ်တွေ ရှိရက်သားနဲဒီလို ထွက်ပြေးလာပီး ဒုက္ခသည်အဖြစ် လာနေရတာ ဗမာစစ်အစိုးရတွေရဲ့ နှိပ်စက်မှုတွေ မခိုံင်လိုကျမတိုဒုက္ခသည်တွေ လာနေရတယ် တကယ်ဆို ကျမတိုတိုင်းပြည်မှာပဲ နေချင်တယ်

သူကဆက်လက်ပီးကိုယ့်တိုင်းပြည်ကို ပြန်နေချင်တယ် အစိုးရတွေက မကောင်းလိုကျမတို့ပြန်ရင်လည်း ကျမတို့ပဲ ဒုက္ခ တွေ့ရတယ်

ဥပဒေအကြောင်းလေ့လာဆည်းပူးနေတဲ့ ကရင်နီဒုက္ခသည်ကျောင်းသားတဦးက ဒုက္ခသည်မှာ လာနေတာ အခွင့်ကောင်းယူပြီး ဆုံးရှုံးသွားတဲ့  အရာတွေကိုပြန်လည်ရစေဖို့အတွက်  အားတင်းထားပီးတော့ နေရမယ်လိုကိုယ့်တိုင်း ကိုယ့်ပြည်ကို ပြန်နေရိုင်ရေးအတွက်ကိးစားသွားဖိုလိုအပ်ပါတယ် လို့ပြောပါတယ်။

ကိုယ့်နယ်မြေကို မပြန်ရပဲ ဒီစခန်းထဲကိုပဲနေရမယ့်အတူတူ ဘဝလုံခံမှုပိုမိုအာမခံချက်ရှိတဲ့ တတိယိုင်ငံကို  တဖြည်းဖြည်းထွက်ခွာနေကြပါတယ်။

ဘယ်သူက ဒီလိုဒုက္ခ နွံအိုင် တွေထဲမှာ နှစ်ပေါင်းဆယ်နှင့်ချီပြီး ဘဝကိုအှစ်မြပ်ခံ နေိုင်ပါ့မလဲ။ ဒီလို ဒုကတွေထဲက နောက် ဝတ်ကွေး ရှိရင်ကေပါစေတော့ဆိုတဲ့ စိတ်တွေ ဒုက္ခသည်ယောက်တိုင်းရဲရင်ထဲမှာ ရှိနေကမှာ သေချာပါတယ်။

တတိယိုင်ငံထွက်ခွာချင် လိုဒုက္ခသည်လာဖြစ်နေတာ ဆိုတာ မရှိဘူး လိုစခန်းဥက္က ကပြောပါတယ်။

စခန်းထဲမှာ ဒုက္ခသည်လိုအမည်ရှိပေမဲ့ ကျန်းမာရေး ပညာရေှးင့် စားဝတ်နေရေးအတွကိုင်ငံတကာက လိုလေသေးမရှိအောင် ကူညီ ထောက်ပံ့ပေး နေပါတယ်။

ကျနော်တိုဒုက္ခသည် ဖြစ်ပေမဲ့လည်း သူများတွေက ကျနော်တို့ကို အထီးကျန်အဖြစ် မချန်ထားဘူိးုင်ငံတကာတွေက ကူညီစောင့်ရှောက်ပေးပါတယ်လိုစခန်း အုပ်ချပ်ရေးမှ စခန်း ကော်မတီ ဥက္က က ကမ္ဘာ့ ဒုက္ခသည်များနေအခမ်းအနားမှာ ပြောကားသွားပါတယ်။

ထိုနည်းအတူ UNHCR ကိုယ်စားလှယ် တယောက်က ဒီနေ့ဟာဆိုလို့ရှိရင် ကမ္ဘာကနေပီးတော့ ကျမတို့ရဲ ဒုက္ခသည်များ လွတ်မြောက်ဖို့အတွက် သတိရတဲ့နေ့ဖြစ်တယ်

စခန်း အုပ်ချပ်ရေးကို တာဝန်ယူထားတဲ့ပလာအသစ်တယောက်ကလည်း   “ ဒီလိုအခမ်းအနားတရပ်ကို ကျင်းပလိုက်တာဆိုတောို့င်ငံတကာကို ကြော်ညာလိုက်တာနဲအတူတူပါပဲ ဘာဖြစ်လဲဆိုတော့ ဘာဖြစ်လို့ ဒီနေရာကိုရောက်ရှိနေတာလဲ ဘာအခက်ခဲကောင့် ဒီကိုရောက်နေတာလဲ ဆိုတာကို ကမ္ဘာကို က်ာညာလိုက်တာနဲအဖွဲ့အစည်းတွေအားလုံးကို အကောင်းကားလိုက်တာနဲ့အတူတူပါပဲ

ဒုက္ခသည်များဟာ အစားအသောက်အတွက် အလှရှင်များက သနားစာနာပီး ပေးကမ်းကတဲ့အစားအသောက်များကို လောက်ငှအောင် စားသောက်နေရပါတယ်။ သို့ပေမဲ့လည်း ဒုက္ခသည်တယောက်ရဲဘဝဖြတ်သန်းမှုဟာ လွယ်ကူမယ်လိုမထင်ပါနဲ့ သူတို့ရဲစိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ရုပ်ပိုင်းဆိုင်ရာ စတဲ့ ထိခိုက်မှုတွေ များစွာ ခံစားနေရပါတယ်။ ဘယ်သူမဆို ဒုက္ခဆိုတဲ့ ဝေါဟာရ စကားလုံးကို သေမတတ်ကောက်နေတတ်ကြပါတယ်။ မရှောင်လွဲိုင်လို့သာ ရင်ဆိုင်ဖြေရှင်းနေရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပိုလေးနာလိုပြည်တွင်းက ရွာပုန်းရွာရှောင်တွေအတွက်ကတော့ ဒုက္ခသည်စခန်းဟာ အနည်းဆုံးတော့ အသက်အန္တာရယ်ကင်းပြီး လုံခြုံစိတ်ချရတဲ့ ကမ္ဘာငယ်လေးတခုမဟုတ်လား… 

လူသစ်တန်းလျားရဲ့အခန်းကျဉ်းလေးတခုမှာ ထိုင်နေတဲ့ ပိုလေးနာတယောက် သူမပါးပြင်ပေါ်က မရပ်မနား တသွင်သွင်ကျနေတဲ့ မျက်ရည်စက်တွေနဲ့အတူ ကျမတော့ ဒီမှာရောက်တာ စိတ်ချမ်းသာတယ်” လို့ပြောချလိုက်ပါတော့တယ်…

 ဤဆောင်းပါးကို ဇွန်လ(၂၀)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် အမှတ်တရ ရေးသားသည်။