Strattera Kaufen In Polen
Billig Propranolol Bestellen Online In Rotterdam Holland Niederlande
Seroquel Billig Kaufen Online In Tilburg Niederlande
Online Pharmacy In Nz Buy Antabuse Online Cheap
Antabuse Rezeptfrei Apotheke In Eu
Accutane Sicher Online Bestellen
Achat Propranolol En Parapharmacie En Luxembourg Pas Chere
Billig Furosemide Bestellen Online In Randers Danemark
Buying Ampicillin In Spain Ampicillin By Mail Order
Clonidine Generika Kaufen Ohne Rezept In Europa
Buy Doxycycline Mastercard Doxycycline Lowest Price
Lithium Carbonate Preise In Bremen Deutschland
Lithium Carbonate Generika Bestellen Gunstig In Osterreich
Buy Generic Cytotec Without Prescription Cheap
Rezeptfrei Propranolol Bestellen In Danemark
Achat Cymbalta En Toronto En Canada Livraison Rapide
Bestellen Soma In Luxemburg
Achat Bactrim En Pharmacie En Allemagne Pas Chere
Preiswert Grifulvin V In Dudelange Luxemburg
Buy Rimonabant Online Us No Prescription Rimonabant
တနင်္လာနေ့,ဖေဖော်ဝါရီ ၂၀၁၂
   
စာလုံးအရွယ်အစား

ရွေးကောက်ပွဲအတွက် တော်လှန်သူတို့ ထွက်ဆိုသံ

ရေးသားသူ - စေးရယ်စိုး သောကြာနေ့, 27 သြဂုတ်လ 2010 14:57
စံနှုန်းသတ်မှတ်ပေးပါ
(11 မဲ)

နယ်စပ်မျဉ်းပေါ်က လမ်းလျောက်သူများ

ထိုင်းနဲ့ ကရင်နီပြည် နယ်စပ်က လူသွားလမ်း တလျှောက်မှာ ရထားတွဲကြီးလို ရာနဲ့ချီတဲ့ လူအုပ်က ကရင်နီတပ်မတော် အမာခံ တပ်စခန်းတခု ဖြစ်တဲ့ ညာမိုတပ်စခန်းဆီကို တသီတတန်းကြီး ချီတက်နေကြတယ်။

ညာမိုကုန်းမှ မြင်တွေ့ရတဲ့ ကရင်နီမြေက တောင်ပြာတန်း
ညာမိုကုန်းမှ မြင်တွေ့ရတဲ့ ကရင်နီမြေက တောင်ပြာတန်း

ပင်လယ် ရေမျက်နှာပြင်အထက် ပေပေါင်းသုံးထောင်ကျော် မြင့်တဲ့ နယ်စပ်တောင်တန်းပေါ်က လူသွားလမ်းလေးကနေ အနောက်ဘက်ကို ကြည့်လိုက်ရင် လွမ်းမောဖွယ်ကောင်းလှတဲ့ ကရင်နီပြည်က တောင်ပြာတန်းတွေနဲ့ ဌာနေဟောင်းကို မျက်စိတဆုံး မြင်တွေ့ရတယ်။ ခဏလေး အနားယူပြီး အဲဒီ မြင်ကွင်းလေးတွေကို တ၀ကြီး ငေးမောကြည့်နေခိုက် ငယ်စဉ်က နေထိုင်သွားလာခဲ့ရတာတွေက စိတ်ကူးထဲ ပေါ်လာပါတယ်။

နယ်စပ်မျဉ်းပေါ်မှာ အခုလို လျှောက်နေကြသူ အများစုက ထိုင်းနိုင်ငံမှာ ဒုက္ခည်အဖြစ် ထွက်ပြေးခိုလှုံနေရတဲ့ သူတွေမို့ ကိုယ်စီခံစားချက်တွေ ရှိကြမှာပါပဲ။

လမ်းလျှောက်သူတွေဟာ ညာမိုတပ်စခန်းမှာ ယခု သြဂုတ်လ ၉ ရက်နေ့နဲ့ ၁၇ ရက်နေ့တို့မှာ ကျရောက်မယ့် ၆၂ ကြိမ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့နဲ့ ကရင်နီတပ်မတော်နေ့ ဆိုတဲ့ နေ့ထူးနေ့မြတ် အခမ်းအနားကို ရှုစားလေ့လာဖို့ သွားကြတာပါ။

ဒေါင်းအလံလွင့်ထူထားတဲ့ တပ်စခန်းဆီသို့ 

ကရင်နီ ထိန်းချုပ်နယ်မြေထဲကို ရောက်သွားချိန်မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စခန်းက ကျနော်တို့ကို ဆီးကြိုနေပါတယ်။ ဒေါင်းအလံ လွှင့်ထူထားတဲ့ ကျောင်းသားတပ်မတော် တပ်ရင်း (၄) မှာ တာဝန်ကျနေတဲ့ ရဲဘော်တွေက မောမောနဲ့ ရောက်လာတဲ့ ကျနော်တို့ကို အနားယူဖို့ တပ်စခန်းရဲ့ တန်းလျားတခုမှာ အမောဖြေခိုင်းပါတယ်။ တခြားအုပ်စုတွေကတော့ အခမ်းအနား ကျင်းပမယ့် ကရင်နီ ဗဟိုစစ်သင်တန်းကွင်း ရှိရာ ညာမိုတပ်စခန်းဆီကို မနားတမ်း ဆက်သွားခဲ့ကြတယ်။

ကျောင်းသားတပ်မတော်ဟောင်းများ
ကျောင်းသားတပ်မတော်ဟောင်းများ

ကျောင်းသား တပ်စခန်းကို ရောက်တုန်းရောက်ခိုက် တပ်စခန်းကို ဦးစီးနေတဲ့ ဒု တပ်ရင်းမှူး ကိုတင်မောင်ထွန်းနဲ့ သတင်းကိစ္စအတွက် စကားစမြည် ပြောဖြစ်ပါတယ်။

မကြာခင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ စတင်ပါတော့မယ်။ ပြည်တွင်းမှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ နိုင်ငံရေး အဖွဲ့တွေကတော့ ပါတီတွေ ဖွဲ့ပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြာယာခတ်နေကြပါတယ်။ ဒါပေမယ့် စစ်အစိုးရကို လက်နက်ကိုင်ပြီး ခုခံတိုက်ခိုက်နေတဲ့ ABSDF မှာတော့ ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး ထွေထွေထူးထူး ရိုက်ခတ်မှု မရှိပါဘူး။

စစ်အစိုးရ ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ကျောင်းသားတပ်မတော်က လက်မခံတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း စဉ်းစားနေစရာအကြောင်း မရှိဘူးလို့ ဒု-တပ်ရင်းမှူး ကိုတင်မောင်ထွန်းက ပြောပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲတော့ ကျနော်တို့ အဖွဲ့အစည်းရဲ့ သဘောထားဟာ အရင်ကတည်းက ရှိထားပြီးသားပါ။  ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံခဲ့ပါဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံကို လက်မခံတဲ့အတွက် ၂၀၁၀ ကို ထည့်စဉ်းစားစရာ မလိုပါဘူး။ ကျနော်တို့ ဒါကို လုံးဝ ကန့်ကွက်ရှုတ်ချရမှာပါ”

ဆက်လက်ပြီး ကိုတင်မောင်ထွန်းက “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း သူစဉ်းစားမှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို သူလည်း လက်ခံခဲ့တာ မဟုတ်ပါဘူး။ NLD တခုလုံး အနေနဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဆန့်ကျင် သပိတ်မှောက်ထားပါတယ်။”

ကိုတင်မောင်ထွန်းက သူနေတဲ့ တဲပုတ်လေးထဲမှာ ဆိုလာပြားက နေရတဲ့ လျှပ်စစ်နဲ့ အသုံးပြုနေတဲ့ လက်ပ်တော့ ကွန်ပြူတာထဲက ကျောင်းသားတော်လှန်ရေး ပုံရိပ်ဟောင်းတွေကို ပြပြီး လက်ရှိ အခြေအနေနဲ့ နှိုင်းယှဉ်ပြပါတယ်။ လိုအပ်မယ်လို့ ယူဆရတဲ့ ဓာတ်ပုံဟောင်းတွေနဲ့ အချက်အလက်တွေကိုလည်း ကျနော်တို့ကို ဝေမျှပေးခဲ့ပါတယ်။

နောက်ပြီး တပ်သားတဦး ဖြစ်တဲ့ ကိုဇော်မင်းထွန်းနဲ့ အင်တာဗျူး လုပ်ဖို့ တပ်ရင်းမှူး ကိုတင်မောင်ထွန်း ကိုယ်တိုင် စီစဉ်ပေးပါတယ်။ ကိုဇော်မင်းထွန်းဟာ ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေထဲမှာ အခြေစိုက်ထားတဲ့ ABSDF တပ်ရင်း-၄ ထဲကို ပြီးခဲ့တဲ့၂၀၀၈ ခုနှစ်မှ စပြီး ရဲဘော် အဖြစ်နဲ့ ၀င်ရောက်လာခဲ့သူပါ။

ကိုဇော်မင်းထွန်း- ဒေါင်းအလံကို လွင့်ထူနေစဉ်
ကိုဇော်မင်းထွန်း- ဒေါင်းအလံကို လွင့်ထူနေစဉ်

“ကျောင်းသားတော်လှန်ရေးမှာ ကျနော် ပြည်တွင်းမှာ နေကတည်းက ပါဝင်တာပါ။ ပြည်တွင်းမှာ နေရင်းနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ စစ်ရေးနည်းလမ်း ဆိုတာ ရှိပါတယ်။ အဲ့ဒါကျနော်က စစ်ရေးနည်းလမ်းမှာ ပိုအားသာတဲ့အတွက် ဒီဘက်ကို ရောက်လာတာပါ” ဟု ကိုဇော်မင်းထွန်းက ပြောပြပါတယ်။

၈၈ အရေးခင်းပြီးတဲ့နောက်ပိုင်း ကျောင်းသားတပ်မတော် စတင်ထူထောင်ခါစက တနိုင်ငံလုံးမှာ ရှိတဲ့ တပ်အင်အားဟာ ထောင်နဲ့ ချီပြီး ရှိခဲ့ပေမယ့် နိုင်ငံခြားကို ထွက်သွားကြတဲ့သူတွေက များလာတဲ့အတွက် အင်အားတဖြည်းဖြည်း လျော့နည်းလာရပါတယ်။

ဒါပေမယ့် ကိုဇော်မင်းတို့လို စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးကို လိုလားကြတဲ့သူတွေက ABSDF ထဲကို ၀င်လာသူတွေ ရှိနေသေးတဲ့အတွက် ကျောင်းသားတော်လှန်ရေးကြီး ဆက်ရှိနေသေးတယ်လို့ ဆိုရမှာပါ။

တပ်ရင်း (၄) မှာ အနားယူရင်း အင်တာဗျူးတွေလုပ်၊ ညနေစာကို စခန်းမှာပဲ ချက်ပြုတ်စားသောက်ပြီး ကရင်နီ ဗဟိုစစ်သင်တန်းကွင်း ရှိရာ ညာမိုတပ်စခန်းဆီသို့ ဆက်လက် ချီတက်လာခဲ့ပါတယ်။

လင်းယုန်ငှက်အလံ လွင့်နေတဲ့ စစ်သည်များ  

ဗဟိုစစ်ရေး လေ့ကျင့်ရေးကွင်းကို ရောက်သွားခဲ့ သြဂုတ်လ ၉ ရက်နေ့မှာ ကျင်းပတဲ့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့နဲ့ ၁၇ ရက်နေ့မှာ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားကို လေ့လာရှုစားခွင့်ရခဲ့ပါတယ်။

အနီရောင်ပေါ်မှာ အနက်ရောင် လင်းယန်ငှက် တံဆိပ်ရှိတဲ့ အလံသုံးခုကို ကိုင်ထားတဲ့ အလံကိုင် စစ်သည် သုံးဦးရဲ့ နောက်က စစ်သည် ၄၀ ကျော်ဟာ ချီတက်လာပါတယ်။ နေ့ထူးနေ့မြတ် အခမ်းအနားကို လာရောက်အားပေးတဲ့ လူငယ်မောင်မယ်နဲ့ ပြည်သူ ၂၀၀၀ ကျော်က စစ်ရေးအလှပြ ချီတက်ခြင်းကို ကြည့်ရှုအားပေးကြပါတယ်။

ယခု ၂၀၁၀ခုနှစ် ကရင်နီတပ်မတော်သင်တန်း အပတ်စဉ် ၅၇ မှာ ကရင်နီတပ်သားသစ် ၄၀ ကျော် မွေးထုတ်လိုက်ပြီ အဲ့ဒီထဲမှာ စစ်သမီးအချို့ကိုလည်း တွေ့ရှိရတယ်။ နေ့ထူးနေ့မြတ် အခမ်းအနားက မျှော်လင့်ထားတာထက် စည်ကားတယ်လို့ ဆိုရမှာပါ။ မိုးတွေ စိုစိုစွတ်စွတ်နဲ့ တောင်ကုန်းတောင်တန်း ရွံ့တွေကြားကနေ လူဦးရေ ထောင်နဲ့ချီပြီး တက်ရောက် အားပေးခဲ့ကြတာကို တွေ့ခဲ့ရတယ်။

မြန်မာစစ်အစိုးရကို နှစ်ပေါင်း ၆၀ ကျော် ခုခံတော်လှန် တိုက်ခိုက်နေကြတဲ့ ကရင်နီတပ်မတော် အနေနဲ့လည်း မကြာခင် ကျင်းပပြုလုပ်တော့မယ့် မြန်မာပြည် ရွေးကောက်ပွဲအပေါ် အယုံအကြည် မရှိကြဘူးလို့ ဆိုပါတယ်။

ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှမှု မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် ဆန့်ကျင်တိုက်ခိုက်သွားမယ်လို့လည်း သြဂုတ်လ ၉ ရက်နေ့မှာ အခမ်းအနားမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး -၁ ခူဦးရယ်က ယခုလို ပြောကြားခဲ့ပါတယ်။

ကရင်နီတပ်မတော်များကို နေ့ထူးနေ့ထူးနေ့မြတ်တွင် တွေ့ရစဉ်
ကရင်နီတပ်မတော်များကို နေ့ထူးနေ့ထူးနေ့မြတ်တွင် တွေ့ရစဉ်

“ဒီမိုကရေစီကို ရှေးရှုတဲ့ အခြေခံဥပဒေ ပုဒ်မတွေ တခုမှ ပြဌာန်းတာ ကျနော်တို့ မတွေ့ရဘူး။ နောက်ပြီးတော့ ဆန္ဒခံယူပွဲ လုပ်တဲ့ အချိန်တုန်းက တကယ်လူထုဆန္ဒကို လွတ်လွတ်လပ်လပ် သူတို့ ရယူပြီးတော့ အတည်ပြုခဲ့တာ မဟုတ်ပါဘူး။”

ဆက်လက်ပြီး “အခြေခံဥပဒေကို ကျနော်တို့ လက်မခံတာနဲ့ တကြိမ်ထဲမှာဘဲ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ဖြစ်ခဲ့မယ်ဆိုရင်လည်းပဲ ဘယ်လိုရလဒ်မျိုးပဲ ထွက်လာထွက်လာ ကျနော်တို့ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုဘူးဆိုတာ ကျနော်တို့ အတိအလင်း ထုတ်ပြန်ကြေညာပြီး ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲကိုလည်း ကျနော်တို့ တတ်နိုင်တဲ့ နည်းလမ်း အသွယ်သွယ်ကနေပြီးတော့ ကျနော်တို့ ဆန့်ကျင်တိုက်ပွဲဝင်သွားဖို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်”

သြဂုတ်လ ၁၇ ရက်မှာ ကျရောက်တဲ့ တပ်မတော်နေ့က ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ကရင်နီ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးအား မေးမြန်းကြည့်ရာ အခြေခံဥပဒေအကြောင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ယခုလို ဖြေကြားပေးခဲ့ပါတယ်။

“Election (ရွေးကောက်ပွဲ) က နောက်တပိုင်းဘဲ။ ကျနော် သိပ်ပြောစရာ များများစားစား ပြောစရာမလိုဘူး။ ပြည်သူအကျိုးတွက်လည်း ဘာမှ ရှိမှာ မဟုတ်ဘူး။ စစ်အုပ်စုတွေ အာဏာတည်မြဲရေးအတွက်ဘဲ သူတို့ လုပ်တာ ဖြစ်တယ်။ ဘာဖြစ်လဲဆို constitution (၂၀၀၈ အခြေခံဥပဒေ) အတည်ပြုတဲ့ အချိန်မှာ ကျနော် ပြည်တွင်းမှာ ရှိတယ်။ ပြည်သူဆီမှာ ဓါးမြတိုက်ပြီးတော့ ယူခဲ့တဲ့ မဲတွေဘဲ ဖြစ်တယ် ဆိုတာ ကျနော် ယုံကြည်တယ်။ ကျနော် ပြည်သူကြားမှာ နေလို့ ကျနော် ပြောတာနော်”

လာမည့် ရွေးကောက်ပွဲနဲ့ စာအုပ်စိမ်း  

ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ စစ်အစိုးရက ယခု သြဂုတ်လ ၁၃ ရက်နေ့မှာ ကြေညာထားပါတယ်။ နေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည့် ရက်သတ္တပတ် မတိုင်ခင်မှာ ရွေးကောက်ပွဲရက်ကို ရွေးချယ်သတ်မှတ်လိုက်တာပါ။

စာအုပ်စိမ်း
စာအုပ်စိမ်း

လာမည့် ရွေးကောက်ပွဲကို လွတ်လတ်ပြီး တရားမျှတတဲ့အပြင် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါတီ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) လည်း ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရှိစေရန် နိုင်ငံတကာက စစ်အစိုးရကို တောင်းဆိုထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို လာမည့် ရွေးကောက်ပွဲမှာ မပါဝင်နိုင်ရန် ရွေးကောက်ပွဲ ဥပဒေက ပြဌာန်းထားတဲ့အတွက်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆန္ဒပြ သပိတ်မှောက်ထားပါတယ်။

လက်နက်ကိုင်ပြီး တော်လှန်ရေး လုပ်နေတဲ့ ဗိုလ်ချုပ် ဘီထူး ပြောသလိုဘဲ အတိုက်ခံ နိုင်ငံရေးသမားတွေလည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး ရွေးကောက်ပွဲထက် အခြေခံဥပဒေကို ပြန်လှည်ပြင်ဆင်သုံးသပ်ရန် လိုအပ်ကြောင်းကို မီးမောင်းထိုးပြပါတယ်။

စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲချမှတ်ထားတဲ့ လမ်းပြမြေပုံအရ ၂၀၀၈ ခု အခြေခံဥပဒေထဲမှာ လွတ်တော် ၂၅ ရာနှုန်းကို နေရာကို စစ်တပ်အား အလိုအလျောက် ပေးထားပြီး အခြေခံဥပဒေအား ပြင်ဆင်ဖြည့်စွက်လိုပါက လွှတ်တော် ၇၅ ရာခိုင်နှုန်း အတည်ပြုမှသာလျင် ပြင်ဆင်ခွင့်ရှိကြောင်း ရေးဆွဲပြဌာန်းထားပါတယ်။

စစ်အစိုးရဟာ မည်သည့် ဝေဖန်ရှုန့်ချမှုနဲ့ ဖိအားပေးမှုတွေကို ဂရုမစိုက်ဘဲ မြန်မာအနာဂတ်နိုင်ငံရေးမှာ အတိုက်အခံ အဖွဲ့တွေကို ဖယ်ရှားပစ်ဖို့ ချမှတ်ထားတဲ့ လမ်းပြမြေပုံအတိုင်း စနစ်တကျ ဖိနိပ်ထားပြီး လာမည့် ရွေးကောက်ပွဲ ရလဒ်ကိုလည်း မိမိတို့ အလိုကျတိုင်း ဖြစ်လာစေဖို့ အစီအစဉ်တကျ အသေအချာ ပြင်ဆင်ထားတာပါ။

အတိုက်ခံ နိုင်ငံရေး အင်အားစုတွေနဲ့ ကရင်နီ၊ ကျောင်းသား တပ်မတော်တို့လို လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ လာမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသွားကြဖို့ အစီအစဉ်တွေ ရှိနေပေမယ့်  နိုင်ငံရေးပါတီ ၄၇ ပါတီက ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားကြပါတယ်။ ဒါပေမယ့် ယှဉ်ပြိုင်မည့် ပါတီအများစုဟာ ပါတီသစ်တွေ ဖြစ်သလို လူသိရှင်ကြား မဟုတ်တဲ့ ပါတီတွေ ဖြစ်နေတဲ့အတွက် ငွေရေးကြေးရေးနဲ့ အဖွဲ့ဝင် အင်အားအရ တနိုင်ငံလုံးမှာ စစ်တပ်မှ ဖွဲ့စည်း ကြိုးကိုင်ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယှဉ်နိုင်ဖို့ လွယ်ကူလိမ့်မယ်လို့တော့ မထင်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲအပြီး တက်လာမည့် စစ်တပ်အစိုးရလက်ထက်မှာ အတိုက်အခံနိုင်ငံရေး အင်အားစုတွေနဲ့ လက်နက်ကိုင် တော်လှန်နေတဲ့ အင်အားစုတွေကြားမှာ တင်းမာမှုတွေ ဘယ်အတိုင်းအတာထိ ရှိလာဦးမလဲ ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

ထိုအမျိုးအစား၌ ထပ်ရှိနေသေးသောအရာများ: « အိမ်ရှေ့ဝါရံတန်က အလွမ်း သူတို့ကို အင်အားဖြည့်ပေးတာပါ »

မှတ်ချက်ပေးပါ

(အောက်ပါပုံစံကို ဖြည့်စွက်ပြီးလျှင် မှတ်ချက်များ ရေးသားနိုင်ပါသည်။ မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။ မှတ်ချက်ဖြည့်ပြီးတဲ့အခါမှာ တခါပဲ ပေးပို့လျှင် ရပါပြီ။ ထပ်ခါတလဲ လုပ်စရာမလိုအပ်ပါ။)



1|2|3|4|5|6|7|8|9|10|11|12|13|14|15|16|17|18|19|20|21|22|23|24|25|26|27|28|29|30|31|32|33|34|35|36|37|38|39|40|41|42|43|44|45|46|47|48|49|50|51|52|53|54|55|56|57|58|59|60|61|62|63|64|65|66|67|68|69|70|71|72|73|74|75|76|77|78|79|80|81|82|83|84|85|86|87|88|89|90|91|92|93|94|95|96|97|98|99|100|101|102|103|104|105|106|107|108|109|110|111|112|113|114|115|116|117|118|119|120|121|122|123|124|125|126|127|128|129|130|131|132|133|134|135|136|137|138|139|140|141|142|143|144|145|146|147|148|149|150|151|152|153|154|155|156|157|158|159|160|161|162|163|164|165|166|167|168|169|170|171|172|173|174|175|176|177|178|179|180|181|182|183|184|185|186|187|188|189|190|191|192|193|194|195|196|197|198|199|200|201|202|203|204|205|206|207|208|209|210|211|212|213|214|215|216|217|218|219|220|221|222|223|224|225|226|227|228|229|230|231|232|233|234|235|236|237|238|239|240|241|242|243|244|245|246|247|248|249|250|251|252|253|254|255|256|257|258|259|260|261|262|263|264|265|266|267|268|269|270|271|272|273|274|275|276|277|278|279|280|281|282|283|284|285|286|287|288|289|290|291|292|293|294|295|296|297|298|299|300|301|302|303| preiswert lexapro in arhus danemark albuterol generika kaufen online in luxemburg inderal generika bestellen rezeptfrei in liechtenstein billig femara bestellen online in charleroi belgien metformin by post metformin by mail order discount propecia without prescription in australia cheap chloroquine rezeptfrei bestellen in niederlande erythromycin bestellen billig in eu tegretol ohne rezept in danemark zelnorm preiswert in eindhoven niederlande tegretol generika kaufen in odense danemark no prescription antidepressant amitriptyline professional online buspar professional generika bestellen online in holland clonidine preis in aalst belgien preise exelon gordonii hg p57 in strasbourg elsass billig furosemide bestellen online in liechtenstein benicar ohne rezept in bozen bozen calcium carbonate billig kaufen online in dudelange luxemburg zovirax preise in eschen liechtenstein tegretol rezeptfrei in schweizAccutane Online Doxycycline online Buy Cheap Lexapro Online No Prescription Prednisone Online Buy Accutane No Prescription