|
အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ခေါင်းဆောင်ပြီး အမေရိကန် ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သော်လည်း ယခုအချိန်အထိ မြန်မာ့နိုင်ငံရေး အခြေအနေတိုး တက်သည့် လက္ခဏမမြင်ရသေးဟု ဆိုရအုံးမည် ဖြစ်သည်။ အမေရိကန်ဘက်က မီးစိမ်းတွေပြနေသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ အမေရိကန်နဲ့ ဆက်ဆံရေးမှာ ခပ်တည်တည်နှင့် အေးတိအေးစက် နေနေဆဲပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဘက်က အမေရိကန်နှင့် လိုက်လျောညီထွေစွာလိုက်လုပ်ပါက သူ့အတွက် ရယူမူထက် ပေးဆပ်မူက များမည်ကို စိုးရိမ်နေသောကြောင့်ဟု သုံးသပ်မိပါသည်။ စစ်အစိုးရအတွက် အလိုချင်ဆုံးသော အရာတစ်ခုမှာ အမေရိကန်မှ မြန်မာနိုင်ငံကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု များ ရုတ်သိမ်းပေးရေးသာ အဓိကပင် ဖြစ်သည်။ ထိုအချက်ကတော့ စစ်အာဏကိုသုံး၍ ရသည့်အရာ မဟုတ်သောကြောင့် သူတို့အတွက် အတောင့်တဆုံးသော အရာဖြစ်ကောင်းဖြစ်ပေမည်၊၊ အမေရိကန်ဘက်က တောင်းဆိုထားသော အချက်စာလျင် မကိုက်ညီသောကြောင့် အမြတ်စားနေကြ ဗိုလ်ချုပ်ကြီး များအတွက် တွက်ခြေမကိုက်ဖြစ်နေပါသည်၊၊ စစ်ဗိုလ် ချုပ်ကြီးများအတွက် နောက်တခုတည်းသော အလိုချင်ဆုံးအ ရာသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မိမိတို့လိုလားသော ပါတီ အနိုင်ရရေးဖြစ်ပြီး နိုင်ငံတကာက အသိအမှတ်ပြုရေးပင်ဖြစ်သည်၊၊ သို့သော် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန်မခက်ခဲပါ။ အဘယ်ကြောင့် ဆိုသော် စစ်အစိုးရ၏ ထုံစံအတိုင်း အတင်းအဓမ္မလုပ်လျင် ရနိုင် သည်ပင်ဖြစ်သည်။ ယခု အမေရိကန်နှင့် မြန်မာစစ်အစိုးရ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးရေးသည် တဖက်မှ မစရသေးဟု ကျနော် နားလည်မိပါသည်။ နှစ်ဦး နှစ်ဖက်စလုံး ဘယ်သူက စရွှေ့ လာမလဲ ဆိုတာပါဘဲ။ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေက အမေရိကန်ဘက်က မြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူ ဒဏ်ခတ် မှုများကို ပြန်ရုတ်သိမ်းပေးမည်။ တဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွတ်ပေးမည် ဆိုသည့် အပေးအယူမှာ နိုင်ငံရေးအရ သဘာဝကျသည့် ကစားကွက်ပင် ဖြစ်သည်။ သို့သော် စစ်အစိုးရဘက်က ထိုကစားကွက်ကို လိုက်ကစားပေးလိမ့်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် စစ်အ စိုးရဘက်က နည်းနည်းပေးပြီး များများ ရချင်သည့် အကျင့်ဆိုးက ရှိနေသောကြောင့် ဖြစ်သည်။ စစ်အစိုးရဘက်က မညံ့ သလို၊ တော်ပါသည်ဟုလည်း မပြောလိုပါ။ ကောက်ကျစ်သည့် အကြံ၊ မမှန်သည့် အတွေးအခေါ်များဖြင့် ပြည့်ဝနေသော တဘက်သားအပေါ် အနိုင်ယူချင်သော သူတို့၏စိတ်တွင် ထိုကဲ့သို့ အပေးအယူမျှတသည့် နိုင်ငံရေးကစားကွက် ပေါ်လာခဲ့သည့်တိုင် ကစားမည်မဟုတ်ပါ။ အမေရိကန်ဘက်က အရေးယူပိတ်ဆို့ ဒဏ်ခတ်မှု ရုပ်သိမ်းရေးမှာလည်း ချက်ချင်း မဖြစ်နိုင်သောအရာဟု ဖြစ်ပါသည်။ မြန်မာစစ်အစိုးရက စိတ်ကြိုက် ကိုယ်တိုင်ရေးဆွဲထားသော ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထပ်မံပြုပြင်ရန် လို အပ်ကြောင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် အတိုက်အခံဖက်က တစိုက်စိုက်မတ်မတ် တောင်းဆိုလာခဲ့သော်လည်း လက်လျော့ဖို့လက္ခဏာ အရိပ်အယောင်ပင် မမြင်ရသေးပေ။ နောက်ပြီး တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အတိုက်အခံ အဖွဲ့အစည်းများက နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့ ကြသည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကိုလည်း စစ်အစိုးရ ဘက်က ဂရိုမစိုက်ခဲ့တာ ကြာပါပြီ။ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရင်း တိုင်းရင်းသား နယ်မြေများမှာ ချုပ်ကိုင်နိုင်အောင် ထိုးစစ်ဆင်ရေး အတွက်သာ တာဆူနေပါသည်။ စစ်ဗိုလ်ချုပ်ကြီးများအတွက် လိုက်ရောမှု မပြုနိုင်သည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် ကျန်စစ်ဗိုလ် တစုများ၏ လုံခြုံရေး အသက်အန္တာရာယ် ခြိမ်းခြောက်မှုကို ကာကွယ်သည့်လုပ်ရပ်တရပ်ဟုဆိုရမလား။ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲမှာ တကယ်တမ်း တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် အရပ်သား အစိုးရတရပ် တက်လာမည်ဆိုပါက လက်ရှိခေါင်းဆောင် ဖြစ်နေသည့် စစ်ဗိုလ်ချုပ်များက စစ်တရားခုံရုံးတွင် စစ်ဆေးခံရမည်ကို စိုးရိမ်မည် ဖြစ်သည်။ ၄င်းတို့၏ မိသားစု စီးပွားရေးနှင့် အာဏတည်မြဲရေးသည် နောင်တက်လာမည့် အစိုးရ၏လက်ထဲတွင် တည်ရှိသည့်အတွက် စစ်ဗိုလ်များအတွက် အကာအကွယ် ပြုနိုင်သည့် အစိုးရတက်လာရေးသည် အရေးကြီးနေပါသည်။ ယနေ့လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေမှာ အမေရိကန်က ဝင်ရောက်ကူညီဖြေရှင်းရေး၍ လွယ်ကူသည့် ကိစ္စ မဟုတ်သော်လည်း မြန်မာနိုင်ငံရေးတွင် တနည်း တလမ်းအားဖြင့် ထွက်ပေါက်ရသွားစေနိုင်သည်ဟု အတိုက်အခံတချို့က မျှော်လင့်ခဲ့ကြသည်။ တချို့က အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု မူအသစ် မအောင်မြင်ချင်နေ ၄င်းတို့အတွက် အကျိုးစီးပွားများ၏ ကျောထောက်နောက်ခံဖြစ်သူ တရုတ်နိုင်ငံ လွမ်းမိုးမှု အောက်ကနေ လွတ်ပြီး၊ မြောက်ကိုးရီး ယားနှင့် အဆက်အသွယ် ဖြတ်ရေးအတွက်က ပိုအရေးကြီးသည်ဟု ရှုမြင်သုံးသပ်မူလည်း ရှိပါသည်။ မြန်မာစစ်အစိုးရခေါင်းဆောင်များက အမေရိကန်တို့နှင့် ထိတွေ့ဆက်ဆံရေးလိုလားမူမှာ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရေးနှင့် ၂ဝ၁ဝ ခုနှစ်မှာ ကျင်းပမည့် ရွေးကောက်ပွဲရလဒ်အပေါ် နိုင်ငံတကာ မိသားစုက အသိအမှတ် ပြုလာစေရန်ပင် အဓိကပင် ဖြစ်သည်။ သို့သော် အထက်က သုံးသပ်ထားသည့်အတိုင်း စစ်အစိုးရဘက်က အပေးအယူ တခုမျှ မယ်မယ်ရရ လုပ်ဆောင်ပေးမည့် အလားအလာ မမြင်ရပဲ ရယူချင်စိတ်သာ ဖြစ်ပေါ်နေပါသည်၊၊ စစ်အစိုးရနှင့် အမေရိကန် နှစ်ဦးနှစ်ဖက်က သူ့အမြတ်၊ ကိုယ့်အမြတ်ကို ရှာနေမည်ဆိုပါက ပြည်သူအတွက်တော့ ရင်နင့်စွာဆက်လက် နေရအုံးမည် ဖြစ်သည်။ ထို့ကြောင့် လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကျင်းပပြီးသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက် ထိန်းသိမ်းလိမ့်အုံးမည် ဖြစ်သလို၊ သုံးပွင့် ဆိုင်ဆွေးနွေးရေး၊ ၂ဝဝ၈ ရေးဆွဲထားသည့် ဥပဒေ အချိန်မီပြန် လည်ပြုရေး၊ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရေး စသည့်တောင်းဆိုမှုများလည်း လက်တွေ့ ဖြစ်သင့်သလောက် ဖြစ်လာနိုင်အုံးမည် မဟုတ်ကြောင်း သုံးသပ်ရင်း။ |