|
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Kasit Piromya (ကဆစ် ဖိရူမြ) သည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ၎င်း၏ ခရီးစဉ်အကြောင်းကို သတင်းထောက်များအား ပြန်လည်ပြောကြားသွားခဲ့သည်မှာ မြန်မာစစ်အစိုးရ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် နယ်စပ်၌ ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲဝင်ရောက်ရေးအတွက် ထိုင်းအစိုးရမှ ကြားဝင်၊ စေ့စပ်၊ ဆွေး နွေး ဆောင်ရွက်ပေးပါရန် စစ်အစိုးရက တောင်းဆိုခဲ့သည်ဟု ပြောဆိုခဲ့ပြီး တိုင်းရင်းသားခေါင်ဆောင်များကလည်း စစ်အစိုးရ နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တံခါးဖွင့်ထားသည်ဟု ပြောဆိုသံများ ကြားခဲ့ရပါ သည်။ သို့သော် မြန်မာ စစ်အစိုးရဘက်က ပြည်သူအပေါ် စေတနာမှန်ခဲ့ပါက ထိုင်းအစိုးရကို တကူးတက အကူအညီ တောင်း စရာမလိုဟု မြင်ပါသည်။ လက်နက်ကိုင် တိုင်းရင်းသား သူပုန်များသည် အမြင်ကျဉ်းပြီး ခွဲထွက်ခွင့်၊ သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရယူလို၍ လက်နက်ကိုင် လမ်းစဉ်ကို ရွေးခဲ့သည် မဟုတ်ပါ။ မြန်မာ စစ်အစိုးရက ထိုင်း အစိုးရကို တောင်းဆိုခဲ့ပေမဲ့ တိုင်းရင်းသားများ အဖွဲ့ဖြစ်သည့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ရှမ်ပြည် တပ်မ တော် (တောင်ပိုင်း)၊ ကရင်နီပြည် တပ်မတော် စသည့် အဖွဲ့အစည်းများဆီကို စစ်အစိုးရဘက်က တရားဝင်ကမ်း လှမ်း ပြောဆိုမှုများ ðပလုပ်နေပြီးလား၊ မလုပ်သေးလျှင် အဘယ်ကြောင့် မလုပ်ရသနည်း။ မေးခွန်းထုတ် စရာဖြစ်လာ ခဲ့သည်။ ထို့ကြောင့် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားများအတွက် စဉ်းစားရမည့် ကိစ္စရပ် ဖြစ်သည်။ ထိုင်းနိုင်ငံ က ကြားဝင်ဆောက်ရွက်ပေးရေးအပေါ် ဘယ်လောက်ဘဲ စေတနာ သန့်ရှင်းနေပါစေ၊ ယခုကဲ့သို့ တရားဝင် မကမ်း လှမ်းလျှင် တိုင်းပြည်ကို အုပ်ချုပ်နေသည့် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက တိုင်းသူပြည်သားအပေါ် စေတနာမှန်မှန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး စေ့စပ်လမ်းကြောင်းကို လက်ခံóကိဆိုသင့်သည်ဟု ထင်ပါသလား။ မြန်မာစစ်ဗိုလ်များသည်၊ မြန်မာနိုင်ငံသားများအပါအဝင် အရှေ့တောင် အာရှ (အာဆီယံ) နိုင်ငံကြီးအသင်းကိုမဆို ထားနှင့် ကမBာ့ ကုသမဂ္ဂ တာဝန်ရှိ ပုဂ္ဂိုလ်တောင်မှ မထင်ရင်၊ မထင်သလို ဆက်ဆံခဲ့သည့် သာဓက များရှိခဲ့သည်။ ထို့ကြောင့် အာဆီယံ အသင်းဝင် အိမ်နီးချင်း နိုင်ငံတနိုင်ငံ၏ တိုက်တွန်းချက်သည် အပြည့်အဝ မမျှော်လင့်တာတော့ အမှန်ပင်။ ၂ဝ၁ဝ အောင်ပွဲအတွက် အကျိုးမရှိလျင် လုပ်ဆောင်မည့် စစ်ခေါင်းဆောင်များ မဟုတ်ကြောင်း တိုင်းရင်း သားများက သတိရှိရှိနှင့် ဆွေးနွေးမူလုပ်သင့်သည်။ မြန်မာ စစ်အစိုးရနှင့် လုံးဝမဆွေးနွေးသင့်ဟု မဆိုလိုပါ။ သို့သော် အမှန်အတိုင်း ဝန်ခံရလျင် စစ်ဗိုလ်ချုပ်များကို မယုံ ရတာတော့ အမှန်ပင်။ စစ်အစိုးရကိုယ်၌ကသာ တိုင်းသူ၊ ပြည်သားများပေါ်မှာ စေတနာမှန်မည်ဆိုပါက တိုင်းရင်း သားဘက်ကလည်း အမြဲóကိဆိုနေမည်ဆိုတာ အကြွင်းမဲယုံကြည်ပါသည်။ သို့သော် စစ်အစိုးရ ကျင့်သုံးနေသည့် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရေးသည် ငြိမ်းချမ်းရေး အစစ်အမှန် မဟုတ်ပါ။ အမြင်မှန်ပြီး ဥပေဒဘောင်အတွင်းသို့ ပြန်ဝင်ရောက်လာသည့် အဖွဲ့အစည်းဟု စစ်အစိုးရက ခေါ်ဝေါ် သတ်မှတ်လေသည်။ လက်နက်စွဲကိုင်ခြင်းသည် အမြင်မှား၍ အစိုးရကို ပုန်ကန်းသည့် သူပုန်မဟုတ်ခဲ့ပါ၊၊ တိုင်းရင်းသားများသည် လက်နက်စွန့်ရေးကိစ္စရပ်များကို လွယ်လွယ်နှင့် ဆုံးဖြတ်မည် မဟုတ်ကြောင်း သုံးသပ်မိပါသည်။ မကြာသေးမှီက ထိုင်းစစ်တပ်သည် မဲဆောက်ရှိ ကေအဲန်ယူအဖွဲ့ဝင် (ကရင် အမျိုးသား အစည်းအရုံး) ခေါင်းဆောင် များကို မြန်မာပြည် ဘက်ခြမ်းသို့ပြန်နေရန် စာထုတ်ခဲ့ပါသေးသည်။ ထိုလုပ်ရပ်၏ နောက်ကွယ်၌ မြန်မာစစ်အစိုး၏ သဘောထားမှာ တိုင်းရင်းသား အဖွဲ့အစည်းများ အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေ၍ မတတ်နိုင်သည့် အ ဆုံး အညံ့ခံဝင်ရောက်လာမည်ဟု စောင့်မျှော်နေသည်ဟု သုံးသပ်ရသည်။ စစ်အစိုးရက တပ်ဗိုလ်၊ တပ်မှူးဖြစ်စေ၊ ခေါင်းဆောင်တဦးတယောက်ဖြစ်စေ စစ်အစိုးရ၏ မူဝါဒကို လက်ခံရေးအတွက် နေ့စဉ်နှင့်အမျှ မက်လုံးပေးမြှားခေါ်နေ ခြင်းပင် ဖြစ်သည်။ နောက်ထပ် အဆိုးဆုံးဖြစ်ရပ်မှာ ကေအဲန်ယူ ခေါင်းဆောင် ပဒိုမန်းရှာအား သူ့၏နေအိမ်၌ (ထိုင်းမြေ) လာရောက်ပစ်သတ်ခဲ့သည့်ဖြစ်ရပ် ဖြစ်ပါသည်။ မြန်မာ စစ်အစိုးရနှင့် အပစ်ရပ်စဲရေးယူထားကြသည့် တိုင်းရင်းသား အပစ်ရပ်အဖွဲ့ပေါ်မှာလည်း ၂ဝ၁ဝ ရွေးကောက် ပွဲနှင့်ပတ်သက်ပြီး တွေးစရာ၊ မေးစရာလည်း ဖြစ်လာခဲ့သည်။ အပစ်ရပ်တချို့က ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်၊ မဝင် တိတိကျကျ မပြောကြသေးပါ။ ပြောရမည့်အရေးကိုလည်း ဝန်လေးနေသည်ဟု သုံးသပ်မိသည်။ စစ်အစိုးရ လက် အောက်၌ရှိနေပြီး စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲကို ဘယ်လိုနည်းနှင့် ရှောင်ရှားကြရမည်ပါလိမ့်။ စစ်အစိုးရ ၏ ရွေးကောက်ပွဲကို မဝင်ချင်၊ လက်နက်များလည်းမချချင်၊ ဘယ်ကို ဦးတည်သွားမည်ပါလိမ့်။ လက်နက်မချရေး၊ ရွေး ကောက်ပွဲမထောက်ခံရေးတို့ကို နည်းအမျိုးမျိုးနှင့် အကြောင်းအမျိုးမျိုး ပြနေပါသည်။ အကြောင်းရင်းမှာ မိမိတို့၏ လက်ရှိ စီးပွားရေးလုပ်ငန်းများနှင့် ခက်ခဲကြမ်းတမ်းသည့် တော်လှန်ရေးလမ်းကို ပြန်မသွားလိုသည့်အကြောင်း အချက်များကြောင့်ဟု ယူဆပါသည်။ ယခုကဲ့သို့ နယ်စပ်ရှိ လက်နက်ကိုင် တိုင်းရင်းသားအရေးနှင့် စစ်အစိုးရများအကြား စစ်မှန်သောအမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် မြန်မာပြည် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် ကြားဝင် ဖျောင်းဖျပေး မှုသည် ဘယ်လောက်အထိ အောင်မြင်မှုရရှိမည်ကို စောင့်ကြည့်ရအုံးမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်၊၊ |