မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲလာရေးအတွက် ပြင်ပက မီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ အရေးပါမှုတို့ကို မီဒီယာလောကတွင် အလုပ်အကျွေးပြုနေသာ ဂျာနယ်လစ်နှင့် အယ်ဒီတာအချို့ကို ကန္တာရဝတီတိုင်း(မ်) သတင်းအယ်ဒီတာ ဒေလီထက်မှ ဆယ်သွယ်ပြီး စုစည်းတင်ပြထားပါသည်။
ဦးတိုးဇော်လတ် - DVB - TV အယ်ဒီတာ
ဦးအောင်နိုင် - မြန်မာသတင်းစာ ဆရာနဲ့ သင်တန်းဆရာ (သတင်းလောကသို့ ၈ နှစ်ကြာ ဝင်ရောက်ခဲ့ပြီ)
ဦးစံမိုးဝေ - အတွင်းရေးမှူး၊ မြန်မာသတင်းသမဂ္ဂ (AFP သတင်းထောက်ဟောင်း)
ဘယ်ဥပဒေလဲ၊ ဘာတွေကို ပြောခွင့်ရှိသလဲ၊ ဘာတွေ မပြောရဘူးလဲ မရှင်းမရှင်း ရေးထားပါတယ်။ ဥပဒေဆိုတာက ရှိပြီးသားပဲ ကျူးလွန်ရင် အရေးယူပေါ့ ဥပဒေနှင့်အညီ ခွင့်ပြုမယ်ဆိုတော့ ခွင့်ပြုခွင့်ရဖို့ လိုတယ် ဆိုတဲ့ ကန့်သတ်ချက် ရှိလာတယ် ဘာမှ မထူးဘူး။
ကိုကျော်စွာမိုး - စီမံခန့်ခွဲရေး အယ်ဒီတာ (ဧရာဝတီမဂ္ဂဇင်း)
ဦးမိုးဇော် - (NMG) သတင်းနှင့် မီဒီယာကွန်ယက် အယ်ဒီတာ
စစ်အစိုးရ အုပ်ချုပ်တဲ့ ကာလတလျှောက်မှာတော့ ပြည်သူတွေရဲ့ လွတ်လပ်စွာ တွေးခေါ်ကြံဆခွင့်တွေ၊ ပြောဆိုရေးသားခွင့်တွေကို ထောက်လှမ်းရေး၊ စာပေစိစစ်ရေး စတဲ့ ယန္တားယားတွေကို အသုံးချပြီး ဖြတ်တောက်ထိန်းချုပ်ခဲ့ပါတယ်။ဒီလို မီဒီယာတွေကို ထိန်းချုပ်တာတွေကြောင့် လူအများစုဟာ ပွင့်လင်းတိုးတက်တဲ့ အသိအမြင်တွေ နဲ့ ဝေဖန်ပိုင်းခြားမှုတွေ အားနည်းခဲ့ရပါတယ်။ ဒါက မတရားမှုတွေ၊ အဂတိလိုက်စားမှုတွေ၊ အကျင့်ပျက် ချစားမှုတွေ လုပ်ဆောင်ဖို့အတွက် လမ်းဖွင့်ပေးလိုက်ပြီး တိုင်းပြည် တပြည်လုံးကို အဖက်ဖက်က ယိုယွင်းကျဆင်းမှုကို ဖြစ်စေပါတယ်။
မီဒီယာကို ထိန်းချုပ်ပြီး တိုးတက်လာနေတဲ့ နိုင်ငံတွေ ရှိကောင်းရှိပါမယ်။ ဒါပေမယ့် ဒီနိုင်ငံတွေမှာ မတရားမှုတွေ၊ အဂတိလိုက်စားမှုတွေ၊ အကျင့်ပျက်ချစားမှုတွေဟာ မီဒီယာလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတွေထက် ပိုမိုများပြားနေမှာဖြစ်သလို လူတဦးချင်းစီရဲ့ လွတ်လပ်ပျော်ရွှင်မှု ဟာလည်း ကွဲပြားနေမှာ ဖြစ်ပါတယ်။
ဦးသန့် - BBC သတင်းထောက်
နန်းဖောဂေ - ကရင်သတင်းစဉ် အယ်ဒီတာ (KIC)
ကိုနောင်ဒင် - ကချင်သတင်းဌာနမှ အယ်ဒီတာ
ဦးခွန်စိုင်း - သျှမ်းသံတောင်ဆင့် သတင်းဌာနမှ အယ်ဒီတာ
ပြည်တွင်းမှ သတင်းစာနယ်ဇင်း အယ်ဒီတာတဦး
မိကျဲဂို - စီမံခန့်ခွဲရေး အယ်ဒီတာ (IMNA)
ကျမတို့လို ပြည်ပ အခြေစိုက်ပြီး ပြည်တွင်းမှာ သတင်းလိုက်နေတဲ့ သတင်းထောက်တွေအတွက် မီဒီယာ လွတ်လပ်ခွင့် မရှိတဲ့အတွက် ကိုယ့်ကိုကိုယ် မွန်သတင်းထောက် အနေနဲ့ ပေါ်ပေါ်ထင်ထင် လုပ်ပိုင်ခွင့် မရှိဘူး။ မွန်သတင်းထောက် အနေနဲ့ သတင်းသွားယူတာလည်း မရဘူး။ ဘာဖြစ်လို့လဲဆိုရင် ဥပမာပြောရရင် မော်လမြိုင် အောက်ဈေးကြီးမီးလောင်တဲ့ အခင်းဖြစ်ပွားတဲ့ နေရာမှာ ကင်မရာကိုင်ပြီး ဓာတ်ပုံရိုက်လို့ရှိရင် အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေ ခံရတယ်။ စောင့်ကြည့်မှုတွေ ခံရတယ်။ ပြည်တွင်းမီဒီယာကျတော့လည်း စစ်အစိုးရရဲ့ ဆင်ဆာအဖွဲ့ကို ဖြတ်သန်းပြီး ခွင့်ပြုချက်ရတဲ့ သတင်းတွေပဲ သတင်းစာထဲ ဖော်ပြခွင့် ရှိတယ်။
ဦးနိုင်ကစော့မွန် BNI (Burma News International) ဥက္ကဌ
ကိုခိုင်မြတ်ကျော် - အယ်ဒီတာ (နိရဉ္စရာ သတင်းဌာန ဒက္ကား၊ ဘင်္ဂလာဒေ့ခ်ျ)