ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် သမ္မတ ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် အပစ်အခတ် ရပ်စဲရေးနှင့် ပါတ်သက်၍ လာမည့် ဖေဖော်ဝါရီလ အစောပိုင်းတွင် တရားဝင် တွေ့ဆုံဆွေးနွေးမည်ဟု ကေအဲန်ပီပီက ပြောသည်။
ကရင်နီပြည် ဖရူဆိုမြို့နယ် ထျေးဘျားညေကျေးရွာမှ ရွာသားတစုကို အစိုးရတပ်ကနေပြီး ဇန်န၀ါရီလ ၁၅ ရက်နေ့ညက ပစ်ခတ်ခဲ့သည့်အတွက် ရွာသားတဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။
ယမန်နေ့ညက မိုးသည်းသည်းမဲမဲ ရွာချထားသောကြောင့် သစ်ရွက်၊ သစ်ခက်ပေါ်တွင် တင်ကျန်ရစ်သော မိုးစက်များက ငွေရောင်လက်လက်နှင့် ယနေ့နံနက်ခင်း ဖြာကျလာသော နေရောင်ခြည်တို့ကို ဆည်းလို့ကြိုလိုက်ပါသည်။ (ဆောင်းပါး)
နှစ် ၆ဝ ပြည့် ကယားဒေး (ခေါ်) ကယားပြည်နယ်နေ့ကို ယခု ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်ကနေ ၁၈ ရက်အထိ ကျင်းပလျက်ရှိပြီး ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့ညမှာ မြန်မာပြည်က နာမည်ကြီး အိုင်းရိုးခရော့စ်အဖွဲ့ကနေ လာရောက်ဖျော်ဖြေခဲ့တဲ့အတွက် ပွဲစည်ကားခဲ့တယ်လို့ သိရပါတယ်။
-
ငြိမ်းချမ်းရေးအတွက် အပြန်အလှန် လေးစားမှုရှိသော ဆွေးနွေးပွဲသို့
နှစ်ဦးနှစ်ဘက် အပစ်ခတ်ရပ်စဲရေးဟုဆိုကာ တဘက်က နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်စေရန် အလေးအနက်ထားသော်လည်း ကျန်တဘက်က လေးနက်မှု မရှိခဲ့သည့်အတွက် ၁၉၉၅ ခုနှစ်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် မြန်မာစစ်အစိုးရတို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ပျက်ပြယ်ခဲ့ရသည်။
ဆက်ဖတ်ရန်...
-
ကရင်နီသမိုင်းထဲမှာ အရေးကြီးတဲ့ အာဇာနည်နေ့
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့သည် ၆၃ ကြိမ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ ဖြစ်သည်။ ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က ကရင်နီအမျိုးသား ခုခံတော်လှန်ရေး ခေါင်းဆောင် ဦးဘီတူရီသည် ဦးနု ခေါင်းဆောင်သော ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး-ဖဆပလအစိုးရအဖွဲ့၏ ဖမ်းဆီး သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ (အင်တာဗျူး)
ဆက်ဖတ်ရန်...
-
သီးနှံတွေကို ကောင်းစေမယ့် ‘တျားအီလူးဘိုးပလျား'
အရုဏ် မတက်ခင်မှာ အသက် ၅ဝ ကျော် အရွယ်ရှိ အဘိုး ကလောရယ်က ချည်ဖြင့် ယက်လုပ်ထားတဲ့ ကယား လူမျိုးတို့ရဲ့ ရိုးရာ လွယ်အိတ်ဟောင်း တလုံးကို လွယ်ပြီး သူ့ရဲ့တောင်ယာ ခင်းသို့ သွားပါတယ်။ (ဆောင်းပါး)
ဆက်ဖတ်ရန်...
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ဒဲရက် မစ်ချယ်လ်တွေ့ဆုံ
ရေးသားသူ - နှောင်းလှိုင် တနင်္လာနေ့, 16 ဇန်န၀ါရီလ 2012 12:04ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ-KNPP အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကိုယ်စားလှယ်တချို့နဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်လ်တို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
အစိုးရနှင့်ကရင်နီ တိုက်ပွဲများကြောင့် ရွာသားများအား ထိခိုက်မှုရှိနေ
ရေးသားသူ - နှောင်းလှိုင် တနင်္လာနေ့, 16 ဇန်န၀ါရီလ 2012 11:32ယခု ဇန်န၀ါရီလ ၁ ရက်နေ့မှ ယနေ့အထိ အစိုးရတပ်နဲ့ ကရင်နီတပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ရွာသားတွေပါ ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သတင်းရရှိထားပါတယ်။




